ကျွန်ုပ်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဘဝနဲ့ ဝိညာဉ်ရေးရာဘဝမှာ စမ်းသပ်မှုတွေနဲ့ အတားအဆီးတွေများစွာ အမြဲ ရှိနေတတ်ပါတယ်။ အတိတ်တုန်းက ဣသရေလလူမျိုးတွေဟာ ‘ရေနဲ့ အစာမရှိတဲ့ သဲကန္တာရ’နဲ့ ‘ဘီလူးလူမျိုးတွေ နေထိုင်တဲ့ ခါနန်ပြည်’ဆိုတဲ့ ကြီးမားတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဘုရားသခင်ကိုပဲ မျှော်လင့်ခဲ့ကြတဲ့ ယောရှုနဲ့ ကာလက်လိုမျိုး၊ အခက်အခဲတွေကြားမှာ ဘုရားသခင် ဖွင့်လှစ်ပေးတော်မူထားတဲ့ မျှော်လင့်ခြင်းတံခါးကို မြင်နိုင်တဲ့ ယုံကြည်ခြင်း ကျွန်ုပ်တို့မှာ လိုအပ်ပါတယ်။
လက်ဝါးကပ်တိုင်မှာ အသေခံတော်မူတဲ့ ယေရှုခရစ်ကိုကြည့်ပြီး စိတ်ပျက်ခဲ့ကြတဲ့ ကနဦးအသင်းတော် သန့်ရှင်းသူတွေကို ရှင်ပြန်ထမြောက်ခြင်းနဲ့ ချီဆောင်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံဆီကို ဦးတည်တဲ့ မျှော်လင့်ခြင်းတံခါးကို ဖွင့်ပေးတော်မူခဲ့သလို၊ တစ်ညလုံး ငါးမမိခဲ့တဲ့ ပေတရုကိုလည်း နှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အံ့ဖွယ်အမှုတွေကို ပြသတော်မူခဲ့သလိုပဲ၊ ဒီနေ့ခေတ်မှာလည်း “တစ်လောကလုံးမှာ ဧဝံဂေလိ ဟောပြောရမယ်”ဆိုတဲ့ ခရစ်တော် အန်ဆန်ဟုန်းရဲ့ နှုတ်ကပတ်တော်ဟာ မလွဲမသွေ ပြည့်စုံလာမှာ ဖြစ်ပါတယ်။
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်ပျက်တတ်သော သဘောကို သိရပါမည်အကြောင်း၊ အကျွန်ုပ်၏ လမ်းဆုံးကိုလည်းကောင်း၊ အကျွန်ုပ်၏ အသက်အပိုင်းအခြားကိုလည်းကောင်း သိစေတော်မူပါ။ ယခုမူကား၊ အကျွန်ုပ်သည် အဘယ်သို့ မျှော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား၊ ကိုယ်တော်၌သာ မျှော်လင့်စရာအကြောင်းရှိပါ၏။ ဆာလံကျမ်း ၃၉:၄–၇
အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။ ရှင်မဿဲခရစ်ဝင် ၂၄:၁၃–၁၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်