ယောရှုနဲ့ ကာလက်ဟာ ဘုရားသခင်ရဲ့ကတိတော်မှာ ခိုင်မာတဲ့ယုံကြည်ခြင်း ရှိခဲ့ကြပါတယ်။
ဘုရားသခင် ကတိပြုခဲ့တဲ့ ခါနာန်ပြည်မှာ အာနကလူမျိုးတွေရှိခဲ့ပေမယ့် ယောရှုနဲ့ ကာလက်ဟာ ဘုရားသခင်က သူတို့ကို ဆက်ဆက်ပေးလိမ့်မယ်ဆိုတာကို သေချာစွာ ယုံကြည်ခဲ့ကြပါတယ်။
အသက် ၈၅ နှစ်မှာတောင် ကတိထားတဲ့မြေဆီ သွားပြီး သိမ်းပိုက်ဖို့ မတုံ့ဆိုင်းခဲ့တဲ့ ကာလက်လိုမျိုး ဒီနေ့ခေတ်မှာ ကျွန်ုပ်တို့လည်းပဲ ယောရှုနဲ့ ကာလက်လို ယုံကြည်ခြင်းနဲ့ ကောင်းကင်ကို မျှော်လင့်ကြရမှာဖြစ်ပါတယ်။
ဘုရားသခင်ဟာ ယောရှုနဲ့ကာလက် ခါနာန်ပြည်ကိုသွားတဲ့ ခရီးတစ်လျှောက်လုံးမှာ အတူပါရှိခဲ့သလိုမျိုး ဒီနေ့ခေတ် ဘုရားသခင်၏အသင်းတော် ဧဝံဂေလိက တစ်ကမ္ဘာလုံးဆီ အလျင်အမြန်ပျံ့နှံသွားဖို့အတွက် ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဟာ အမြဲတမ်း လမ်းဖွင့်ပေးနေတယ်ဆိုတာကို ခံစားနိုင်ပါတယ်။
ငါသည် ဤမည်သောပြည်၌ သင်တို့ကိုနေရာချမည်ဟု ငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏သားကာလက်၊ နုန်၏သားယောရှုမှတစ်ပါး အဘယ်သူမျှ မရောက်ရ။
တောလည်ရာကျမ်း ၁၄:၃၀
ထာဝရဘုရား၏ကျွန်မောရှေသည် အနိစ္စရောက်သောနောက်၊ မောရှေလက်ထောက်၊ နုန်၏သားယောရှုအား ထာဝရဘုရားက၊
... အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့အားဝေ၍ အမွေပေးရမည်။ ...
သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
ယောရှုမှတ်စာ ၁:၁-၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်