လူသားတွေက ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး ဘုရားသခင်ရဲ့သင်ကြားချက်အတိုင်း မှန်ကန်တဲ့အသက်တာကို ရှင်သန်ရမယ့်အကြောင်းရင်းဟာ ဘုရားသခင်က ကတိပြုတော်မူတဲ့ ထာဝရကောင်းကင်နိုင်ငံမှာ ကမ္ဘာအဆက်ဆက် ပျော်ရွှင်နိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် တမန်တော်ပေါလုက ယုံကြည်ခြင်းရဲ့ပန်းတိုင်ဖြစ်တဲ့ ဝိညာဉ်ကယ်တင်ခြင်းအတွက် ပြေးသွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ယုံကြည်ခြင်းရဲ့ပန်းတိုင်ဖြစ်တဲ့ စိတ်ဝိညာဉ်ကယ်တင်ခြင်းဆီ ခေါ်ဆောင်ဖို့ ခရစ်တော်အန်ဆန်ဟုန်းဟာ လူ့ဇာတိအဝတ်ကို ဝတ်ဆင်ပြီး ဒီမြေကြီးကို ဒုတိယအကြိမ်ကြွလာပြီးတော့ အေဒီ (၃၂၅)မှာ ဖျက်သိမ်းခြင်းခံရခဲ့တဲ့ ပဋိညာဉ်တရားသစ်ပသခါပွဲကို ပြန်တည်ထောင်ပေးတော်မူခဲ့ပါတယ်။ ပသခါပွဲမရှိရင် ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်လည်း ကျွန်ုပ်တို့အထဲမှာ မတည်ရှိနိုင်ဘူးဆိုတဲ့ သင်ကြားချက်အတိုင်း ဒီနေ့ခေတ်မှာ ကမ္ဘာတစ်ဝန်းလုံးက ဘုရားသခင်၏အသင်းတော်ရဲ့သန့်ရှင်းသူတွေဟာ ပသခါပွဲကို သန့်ရှင်းစွာ စောင့်ကြပါတယ်။
အရည်ကျို၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှာဖြစ်မည်အကြောင်း၊ . . . စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။
ရှင်ပေတရုသြဝါဒစာပထမစောင် ၁:၇–၉
သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ ရှင်ယောဟန်သြဝါဒစာပထမစောင် ၅:၁၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်