အာသဘုရင်နဲ့ ယောရှဖတ်ဘုရင်တို့ဟာ ဘုရားသခင်ရဲ့ ပညတ်တော်တွေနဲ့ တရားတော်တွေကို သစ္စာရှိရှိ စောင့်ခဲ့ကြပြီး၊ ရုပ်တုဆင်းတု မှန်သမျှကိုလည်း ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ သူတို့ဟာ ဘုရားသခင်ပဲ ရှိနေမယ်ဆိုရင် အရာအားလုံး အဆင်ပြေသွားမယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ သူတို့ရဲ့ လူမျိုးတွေနဲ့ နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ကြပါတယ်။ ရလဒ်အနေနဲ့၊ ဘုရားသခင်က သူတို့ရဲ့ နိုင်ငံကို ငြိမ်းချမ်းမှုပေးခဲ့တဲ့အပြင်၊ ကြွယ်ဝတဲ့ ကောင်းချီးမင်္ဂလာတွေနဲ့ ဘုန်းအသရေကိုပါ သူတို့အပေါ် သွန်းလောင်းပေးခဲ့ပါတယ်။
သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ သမိုင်းကြောင်းမှတစ်ဆင့် ဘုရားသခင်ဟာ လူသားတွေ ကောင်းချီးမင်္ဂလာ ရရှိနိုင်တဲ့လမ်းကို ပြသတော်မူခဲ့ပါတယ်။ အာသဘုရင်ရဲ့ နောက်ပိုင်းနှစ်တွေလိုမျိုး ဘုရားသခင်ကို မရှာဘဲ အင်အားကြီးနိုင်ငံတွေဆီ အကူအညီတောင်းခံတဲ့ အပြစ်မျိုးကို ကျွန်ုပ်တို့ မကျူးလွန်မိဖို့ သတိပြုရပါမယ်။ ဒါ့အပြင် ယောရှဖတ်လို ဒုစရိုက်ပြုသူတွေနဲ့ ပူးပေါင်းတာ ဒါမှမဟုတ် သူတို့နဲ့အတူ ဘယ်အမှုကိုမှ မကြံစည်သင့်ပါဘူး။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို မေ့လျော့ပြီး ကျွန်ုပ်တို့ပတ်ဝန်းကျင်က လူသားတွေနဲ့ အခြေအနေတွေကို အားကိုးမိမယ်ဆိုရင်၊ ဘုရားသခင်က ကျွန်ုပ်တို့ဆီကနေ ကောင်းချီးမင်္ဂလာတွေကို ပြန်လည်ရုပ်သိမ်းသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
အာသမင်း နန်းစံဆယ်ငါးနှစ်၊ တတိယလတွင် ယေရုရှလင်မြို့၌ စုဝေး၍၊ ဆောင်ခဲ့သော လက်ရဥစ္စာထဲက နွားခုနစ်ရာ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။ ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါမည်ဟူ၍လည်းကောင်း၊ ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံးအကြွင်းမဲ့ ကျိန်ဆို၍၊ အလိုဆန္ဒအားကြီးသည်နှင့်၊ ထာဝရဘုရားကို ရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။ ရာဇဝင်ချုပ်ဒုတိယစောင် ၁၅:၁၀–၁၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်