ကျွန်ုပ်တို့ဟာ အလင်းကို ကြည့်တဲ့အခါ၊ ကျွနု်ပ်တို့နောက်မှာ အရိပ်ပေါ်လာပေမယ့်၊
အလင်းကို ကျောခိုင်းတဲ့အခါ၊ အရိပ်က ကျွန်ုပ်တို့လမ်းကို တားဆီးပါတယ်။
ဒီလိုပါပဲ၊ လူသားတွေဟာ အလင်းဖြစ်တဲ့ ဘုရားသခင်ဆီကို သွားတဲ့အခါ၊
မှောင်မိုက်က သူတို့ကို ဘယ်တော့မှ မတားဆီးနိုင်ပါဘူး။
ခမည်းတော်ခေတ်က ယေရမိနဲ့ သားတော်ခေတ်က တမန်တော်တွေလိုမျိုး
ဘုရားသခင်ရဲ့ဘုန်းတော်အလင်းကို သယ်ဆောင်ပေးတဲ့အခါ၊
ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ အတားအဆီးတွေကို ကြုံတွေ့ရနိုင်ပါတယ်။
ဒါပေမဲ့၊ အဆုံးမှာ ကျွန်ုပ်တို့ဟာ ကောင်းချီးများစွာကို ရရှိမှာဖြစ်ပါတယ်။
ဟေရှာယ၊ ယေရမိနဲ့ ယေဇကျေလဟာ ခမည်းတော်ခေတ်မှာ
ယေဟောဝါဘုရားသခင်ရဲ့အလင်းကို သယ်ဆောင်ပေးခဲ့ပြီး၊ တမန်တော်ပေါလု၊
ပေတရုနဲ့ ယောဟန်တို့ဟာ သားတော်ခေတ်မှာ
ယေရှုခရစ်ရဲ့ဘုန်းတော်အလင်းကို ပေးဆောင်ခဲ့ကြပါတယ်။
ဒီလိုပါပဲ၊ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ၊ ကမ္ဘာ့နိုင်ငံပေါင်း (၁၇၅)နိုင်ငံမှာရှိတဲ့
ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ ကယ်တင်ရှင်အဖြစ်ကြွလာတဲ့
ခရစ်တော်အန်ဆန်ဟုန်းနဲ့ ယေရုရှလင်ကောင်းကင်အမေရဲ့ ဘုန်းတော်အလင်းကို
သယ်ဆောင်ပေးနေကြပါတယ်။
သင်ထလော့။ လင်းလော့။ သင်၏အလင်းရောက်လာပြီ။
ထာဝရဘုရား၏ဘုန်းတော်သည် သင်၏အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။
ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။
ထူထပ်သောမှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။
သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊
ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက်ရှိလိမ့်မည်။
တစ်ပါးအမျိုးသားတို့သည် သင်၏အလင်းသို့လည်းကောင်း၊
ရှင်ဘုရင်တို့သည် သင်၌ပေါ်ထွန်းခြင်းအရောင်သို့လည်းကောင်း လာကြလိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်း ၆၀:၁-၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်