အာဗြဟံဟာ မုန့်နဲ့ စပျစ်ရည်အားဖြင့် ကောင်းချီးပေးတဲ့
မေလခိဇေဒက်ဆီ ဆယ်ဖို့တစ်ဖို့ကို ဆက်ကပ်ခဲ့ပြီး၊
ဒါဝိဒ်ဟာ ‘မေလခိဇေဒက်ရဲ့ ထုံးတမ်းစဉ်လာကိုဆက်ခံတဲ့
ထာဝရယဇ်ပုရောဟိတ်’က ဘုရားသခင်ဖြစ်တယ်လို့
ကြိုတင်ဟောထားပြီးတော့၊ ပေါလုက “မေလခိဇေဒက်ဟာ
အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ”ဆိုတဲ့ နှုတ်ကပတ်အားဖြင့်
လူသားတွေရဲ့ကယ်တင်ခြင်းအတွက်
သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ကြွလာတဲ့
ခရစ်တော်ကိုသက်သေခံခဲ့ပါတယ်။
ဓမ္မဟောင်းခေတ် မေလခိဇေဒက်ဟာ မုန့်နဲ့ စပျစ်ရည်အားဖြင့်
အာဗြဟံဆီ ရုပ်ပိုင်းဆိုင်ရာ ကောင်းချီးကိုပေးခဲ့ပြီး၊
ယေရှုခရစ်ဟာ ပဋိညာဉ်တရားသစ်ပသခါ မုန့်နဲ့ စပျစ်ရည်အားဖြင့်
အပြစ်ခွင့်လွှတ်ခြင်းနဲ့ ထာဝရအသက်ကောင်းချီးကို ပေးခဲ့ပါတယ်။
ခရစ်တော်အန်ဆန်ဟုန်းဟာ နှစ်ပေါင်း (၁၆၀၀)လောက်
ပျောက်သွားခဲ့တဲ့ ပဋိညာဉ်တရားသစ်ပသခါကို
ပြန်လည်တည်ထောင်ခြင်းအားဖြင့် သူဟာ မေလခိဇေဒက်ရဲ့
ထုံးတမ်းစဉ်လာကိုဆက်ခံပြီး ကြွလာတဲ့
ဘုရားသခင်ဖြစ်တယ်လို့ သက်သေပြတော်မူခဲ့ပါတယ်။
“ခေဒေါရလောမာနှင့်၊ သူ့ဘက်ကနေသောမင်းကြီးတို့ကို
လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊...
မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကိုဆောင်ခဲ့ပြီးလျှင်၊...
အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဖို့တစ်ဖို့လှူလေ၏။”
ကမ္ဘာဦးကျမ်း ၁၄:၁၇-၂၀
“တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု၍
ပသခါပွဲကို ပြင်ဆင်ကြ၏။ ... ယေရှုသည် မုန့်ကိုယူ၍
ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ...ခွက်ကိုလည်းယူ၍
ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ... ဤခွက်ကား
ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို
လွတ်စေခြင်းငှာ သွန်းသော”
ရှင်မဿဲခရစ်ဝင် ၂၆:၁၉-၂၈
“ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်...
ဟောင်းသော စပျစ်ရည်ပွဲတည်းဟူသော၊... စီရင်တော်မူလိမ့်မည်။
...သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။...
ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော၊
ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။”
ဟေရှာယအနာဂတ္တိကျမ်း ၂၅:၆-၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်