ဆယ်လ်မွန်နဲ့ ခိုတွေဟာ ဘယ်လောက်ပဲ ဝေးတဲ့နေရာသွားပါစေ၊ သူတို့ရဲ့မွေးရပ်မြေကို ပြန်သွားနိုင်သလိုမျိုး၊ ဘုရားသခင်ဟာ “ငါသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်”လို့ ပြောခဲ့ပြီး၊ လူသားတွေရဲ့စိတ်ထဲမှာ ထာဝရကောင်းကင်မွေးရပ်မြေကို ပြန်သွားနိုင်ဖို့အတွက် ပဋိညာဉ်တရားသစ်ပညတ်ကို စိုက်ပျိုးထားခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက ယေရှုခရစ်က ကောင်းကင်နိုင်ငံကိုပေးဖို့အတွက် ကြဲခဲ့တဲ့ ကောင်းတဲ့မျိုးစေ့ (ဥပုသ်နေ့နဲ့ ပသခါပွဲ)ဟာ အဲဒီနောက်မှာ ရန်သူစာတန်က ကြဲခဲ့တဲ့ တောပင် တစ်နည်းအားဖြင့် လူ့ပညတ်တွေကြောင့် အားလုံးပျောက်ကွယ်သွားပေမယ့် ဘုရားသခင်ရဲ့သားသမီးတွေဟာ သူတို့ရဲ့ စိတ်ဝိညာဉ်ထဲမှာ စိုက်ပျိုးထားတဲ့ ပဋိညာဉ်တရားသစ်ကို ကြားပြီး စိတ်ထဲကနေ နားလည်ပြီး ဝိညာဏမွေးရပ်မြေဖြစ်တဲ့ ကောင်းကင်ကို ခေါ်ဆောင်ပေးတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဆီ လာကြပါတယ်။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ . . . ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလရောက်လိမ့်မည်။ . . . နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။
ယေရမိအနာဂတ္တိကျမ်း ၃၁:၃၁-၃၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်