ယုံကြည်ခြင်းဟာ မမြင်နိုင်တဲ့အရာဖြစ်ပေမယ့် နာခံခြင်းဆိုတဲ့ အပြုအမူအားဖြင့် နောက်ဆုံးမှာ ထင်ရှားပါတယ်။ ဘုရားသခင်ဟာ အစကနေအဆုံးကို ကြေညာတော်မူပြီး အခုထိ မပြည့်စုံသေးတဲ့အရာတွေကိုတောင် ကြိုတင်ပြောကြားတော်မူပြီးတော့ လူသားတွေဆီ ယုံကြည်ခြင်းရှိပြီး နာခံခြင်းအားဖြင့် ကောင်းကင်နိုင်ငံရဲ့ ကယ်တင်ခြင်းကို အောင်မြင်ဖို့ မိန့်တော်မူခဲ့ပါတယ်။
ဘုရားသခင်က ကျွန်တော်တို့ကို တစ်ခုခု မိန့်တော်မူတဲ့အခါ ဘုရားသခင်ရဲ့အကျိုးအတွက် မဟုတ်ဘဲ ယောရှိမင်း၊ အာဗြဟံနဲ့ နောဧလိုမျိုး အားလုံးက ကျွန်တော်တို့ရဲ့အကျိုးနဲ့ ကယ်တင်ခြင်းအတွက် ဖြစ်လို့ ဒီနေ့ခေတ်မှာလည်း ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးအဖြစ် ကြွလာတော်မူတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာခံတဲ့အခါ လူသားတွေဟာ အမြဲတမ်း ကောင်းချီးရရှိပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ချမ်းသာထဲကို ပါဝင်နိုင်မှာဖြစ်ပါတယ်။
ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည်ကျင့်စောင့်ခြင်းငှာ၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် လူမျိုးတကာတို့ထက် သင့်ကို ချီးမြှောက်တော်မူမည်။ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတ္တံ့သော ကောင်းချီးမင်္ဂလာများဟူမူကား။ . . . မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာရှိလိမ့်မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။
တရားဟောရာကျမ်း ၂၈:၁-၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်