ဘုရားသခင်ဟာ မောရှေက ပညတ်တော်ဆယ်ပါး ဒုတိယအစုံကိုရရှိပြီး သိနာတောင်ပေါ်ကနေ ဆင်းလာတဲ့နေ့ကို အပြစ်ဖြေရာနေ့အဖြစ် သတ်မှတ်ခဲ့ပြီး၊ သကေနေပွဲဟာ ပညတ်တော်ဆယ်ပါး ကျောက်ပြားတွေကိုထားဖို့ ဣသရေလလူမျိုးတွေက တဲတော်ကိုတည်ဆောက်တဲ့အတောအတွင်း စောင့်တဲ့ ပွဲတော်ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၃,၅၀၀)က တွေ့ရတဲ့အတိုင်း၊ ဘုရားသခင်ရဲ့ဗိမာန်တော် တည်ဆောက်ရာမှာ အရေးကြီးဆုံးအရာကတော့ ကြည်ညိုတဲ့ စေတနာစိတ်သဘောရှိတဲ့သူနဲ့ မိမိစိတ်နှလုံးနှိုးဆော်တဲ့သူတွေ ရှိဖို့ပဲ ဖြစ်ပါတယ်။
ဒီလိုလူတွေဟာ ဗိမာန်တော်ဆောက်လုပ်ဖို့ ပစ္စည်းများစွာကို ပြည့်လျှံလောက်အောင် ဆက်ကပ်ခဲ့ကြပါတယ်။
ဒီနေ့၊ တစ်ကမ္ဘာလုံးဟာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ ယေရုရှလင် ကောင်းကင်အမေဆီ စုရုံးလာနေကြပါတယ်။ အကြောင်းကတော့ ဘုရားသခင်ရဲ့လူမျိုးတွေကို ယေရုရှလင်ဗိမာန်တော်ကို ဖွဲ့စည်းတဲ့ တန်ဆာပလာအမျိုးမျိုးအဖြစ် ဖော်ညွှန်းထားတဲ့အတွက်ဖြစ်ပါတယ်။
ဓမ္မဟောင်းကျမ်းမှာ သကေနေပွဲအတွက် သစ်ကိုင်းသစ်ခက်အမျိုးမျိုးကို စုဆောင်းခဲ့သလိုမျိုး၊ ဘုရားသခင်ရဲ့လူမျိုးတွေဟာ ယေရုရှလင်ဆီကို သစ်ပင်အမျိုးမျိုးအဖြစ် စုရုံးလာကြလိမ့်မယ်ဆိုတဲ့ ကြိုတင်ဟောစကားရှိပါတယ်။
မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသော စေတနာစိတ်သဘောရှိသောသူ အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်လုပ်ဖို့လည်းကောင်း၊ အမှုတော်ထမ်းစရာဖို့လည်းကောင်း၊ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ ထာဝရဘုရားအား လှူသောအလှူကိုဆောင်လျက် လာကြ၏။
ကြည်ညိုသော စေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည်၊ ...
ထွက်မြောက်ရာကျမ်း ၃၅:၂၁-၂၂
အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။
ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့် တစ်တိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဖို့ အလိုငှာ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။
ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှာ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။
ဧဖက်သြဝါဒစာ ၂:၂၀-၂၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်