ရှောလမုန်ဟာ သူအလိုရှိသမျှကို လုပ်ခဲ့ပေမယ့်၊ နောက်ဆုံးမှာ “ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏”လို့ ပြောခဲ့ပါတယ်။ ကြီးမြတ်တဲ့ အလက်ဇန္ဒားမဟာ ဝန်ခံခဲ့သလို သေခြင်းရောက်လာတဲ့အခါ လက်ဗလာနဲ့ ပြန်သွားကြပါတယ်။ ဒါကြောင့်၊ ကျွန်ုပ်တို့ဟာ ဒီမြေကြီးရဲ့ ခဏတာပျော်ရွှင်မှုနဲ့ အပျော်အပါးတွေကို မကျေနပ်ဘဲ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ပညတ်တော်တွေကို စောင့်ရှောက်ခြင်းအားဖြင့်၊ ထာဝရကောင်းကင်အတွက် အသက်ရှင်နေထိုင်သင့်ပါတယ်။ ပညာရှိစွာ နေထိုင်တဲ့နည်းလမ်းဟာ ကောင်းကင်မှာ ကျွန်ုပ်တို့ထာဝရခံစားရမယ့် ပျော်ရွှင်မှုအတွက် အသက်ရှင်ခြင်း ဖြစ်ပါတယ်။
လူသားတွေဟာ ဒီမြေကြီးပေါ်မှာ သစ္စာရှိစွာနေထိုင်ပြီး ကောင်းကင်မှာ ဘုရားသခင်ရဲ့ကောင်းချီးကို ရရှိစေမယ့် ရွေးချယ်မှုတွေ ပြုလုပ်ရပါမယ်။ ဘုရားသခင်၏အသင်းတော် အဖွဲ့ဝင်တွေဟာ ဥပုသ်နေ့နဲ့ နှစ်စဉ်ပွဲတော်ခုနစ်ခုကို စောင့်ရှောက်ကြပြီး ကောင်းကင်နဲ့ ထာဝရအသက်အတွက် ပြင်ဆင်မှုအဖြစ် ကောင်းတဲ့အပြုအမူအားဖြင့် ဘုရားသခင်ကို ဘုန်းတော်ချီးမွမ်းကြပါတယ်။
ထိုကာလ၌ မြေမှုန့်သည်နေရင်းမြေသို့လည်းကောင်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့လည်းကောင်း ပြန်သွားရလိမ့်မည်။ အနတ္တသက်သက်၊ အလုံးစုံတို့သည်အနတ္တဖြစ်ကြသည်ဟု ဓမ္မဒေသနာဆရာဟော၏။ အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း။ ဒေသနာကျမ်း ၁၂:၇-၈၊ ၁၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်