အဇုမပွဲဟာ ယေရှုခရစ်ဟာ ဆင်းရဲဒုက္ခရဲ့လက်ဝါးကပ်တိုင်ကို အပြစ်သားတွေဆီ သယ်ဆောင်ပေးတဲ့ပွဲတော်ဖြစ်ပါတယ်။
ကောင်းကင်အပြစ်သားဖြစ်တဲ့ လူသားအားလုံးဟာ ခရစ်တော်ရဲ့ပုံသက်သေကို လိုက်လျှောက်ပြီး၊ လက်ဝါးကပ်တိုင်ကို ထမ်းပြီး ခရစ်တော်ရဲ့လမ်းကို လိုက်လျှောက်ကြတဲ့အခါ၊ ဆင်းရဲဒုက္ခနဲ့ အခက်အခဲတွေအားဖြင့် ထာဝရကာလကို တောင့်တတဲ့စိတ်ကို ရှိနိုင်တယ်လို့ ဘုရားသခင်က ကျွန်ုပ်တို့ကို သွန်သင်ပေးပါတယ်။
ကနဦးအသင်းတော်သန့်ရှင်းသူတွေဟာ ဒီမြေကြီးပေါ်မှာ ထာဝရအသက်ရှိတယ်ဆိုတာကို နားလည်ပြီး၊ ထာဝရကို တောင့်တတဲ့စိတ်နဲ့ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းအားလုံးကို ဝမ်းမြောက်စွာ လက်ခံခဲ့ကြပါတယ်။ျ
ဒီလိုပါပဲ၊ ဘုရားသခင်၏အသင်းတော် အဖွဲ့တွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ ရင်ဆိုင်ရတဲ့အရာအားလုံးအတွက် အမြဲတမ်း ကျေးဇူးတင်ကြပါတယ်။
လူသားတို့ ကျင်လည်ရာဖို့ ဘုရားသခင်ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။
ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။
ဒေသနာကျမ်း ၃:၁၀-၁၁
ထိုကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။
... ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။
ကောရိန်သုသြဝါဒစာဒုတိယစောင် ၄:၁၆-၁၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်