ပညတ်တော်ဆယ်ပါး ဒုတိယအစုံအတွက် တဲတော်ကိုတည်ဆောက်ဖို့ ဘုရားသခင်က မောရှေကို မိန့်မှာတော်မူခဲ့ပါတယ်။ လူတွေဟာ ပညတ်တော်ဆယ်ပါး ပထမအစုံကို ချိုးဖဲ့စေတဲ့ သူတို့ရဲ့အပြစ်ကို သိမြင်တဲ့အခါ နောင်တရပြီးနောက်၊ တဲတော်ဆောက်ခြင်းအတွက် ဗိမာန်တော်တန်ဆာပလာတွေကို တလိုတလား ယူဆောင်လာခဲ့ကြပါတယ်။ ဒါဟာ သကေနေပွဲရဲ့မူလအစ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်၊ ဗိမာန်တော်ဝင်း ဒါမှမဟုတ် ဗိမာန်တော် ခေါင်းမိုးပေါ်မှာ သစ်ကိုင်းမျိုးစုံကို အသုံးပြုပြီး သစ်ခက်တဲကို ဆောက်ခဲ့ကြပါတယ်။
သကေနေပွဲဟာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်က သူတို့ရဲ့လူမျိုးအားလုံးကို စုဝေးစေတဲ့နေ့ဖြစ်ပါတယ်။ လူသားတွေဟာ သူတို့ကို ခွင့်လွှတ်ပြီး ကယ်တင်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပြီး နောက်မိုးသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တစ်ကမ္ဘာလုံးမှာ ကောင်းကင်ယေရုရှလင် ဗိမာန်တော်တန်ဆာပလာဖြစ်တဲ့ ကောင်းကင်မိသားစုဝင်အားလုံးကို ရှာဖွေရမှာ ဖြစ်ပါတယ်။
“သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ... ငါ့စကားကို သင်၏နှုတ်၌ မီးကဲ့သို့လည်းကောင်း၊ ဤလူမျိုးကို ထင်းကဲ့သို့လည်းကောင်း ငါဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။”
ယေရမိအနာဂတ္တိကျမ်း ၅:၁၄
“ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့် တစ်တိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဖို့ အလိုငှာ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှာ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။”
ဧဖက်သြဝါဒစာ ၂:၂၁-၂၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်