အပြစ်ဖြေရာနေ့ဟာ လူတွေနဲ့ ယဇ်ပုရောဟိတ်တွေရဲ့ အပြစ်အားလုံးကို ခွင့်လွှတ်ပေးတဲ့ ကြီးမားတဲ့နေ့ဖြစ်ပါတယ်။ ဣသရေလလူမျိုးတွေက ဘုရားသခင်ရဲ့ကျေးဇူးတော်ကို မေ့သွားပြီး ရွှေနွားရုပ်ကို ကိုးကွယ်ပြီး အပြစ်လုပ်ခဲ့ပါတယ်။ ဒါကြောင့် မောရှေဟာ ဘုရားသခင်ပေးတဲ့ ပညတ်တော်ဆယ်ပါး ပထမအစုံကို ချိုးပစ်ခဲ့ပါတယ်။ ဣသရေလလူမျိုးတွေဟာ နောင်တရခဲ့ပြီး ဘုရားသခင်ဟာ သူတို့ကို ပညတ်တော်ဆယ်ပါး ဒုတိယအစုံကို ပေးသနားခဲ့ပါတယ်။ ဒီနေ့ဟာ အပြစ်ဖြေရာနေ့ရဲ့မူလအစ ဖြစ်လာခဲ့ပါတယ်။
ဓမ္မဟောင်းခေတ်မှာ ဣသရေလလူတွေရဲ့အပြစ်အားလုံးဟာ အပြစ်ဖြေရာနေ့အထိ သန့်ရှင်းရာဌာနဆီကို ခဏလွှဲပြောင်းခဲ့ပါတယ်။ ဒီလိုပါပဲ၊ ဒီနေ့ခေတ် အပြစ်ဖြေရာနေ့မှာ သန့်ရှင်းရာဌာနရဲ့အစစ်အမှန်ဖြစ်တဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဆီ လွှဲပြောင်းတဲ့ ကျွန်တော်တို့ရဲ့အပြစ်အားလုံးက အပြစ်ကိုအစပြုသူ စာတန်ဆီ အားလုံး လွှဲပြောင်းမှာဖြစ်ပြီး၊ စာတန်ဟာ အနက်ဆုံးသောတွင်းဖြစ်တဲ့ ငရဲမှာ တရားစီရင်ခြင်းခံရခြင်းအားဖြင့် အပြစ်အားလုံးက ပျောက်ကွယ်သွားပါတယ်။
“တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာကို ဆက်ကပ်ရမည်။”
ဝတ်ပြုရာကျမ်း ၂၃:၂၆-၂၇
“နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကို ကြည့်လော့။”
ရှင်ယောဟန်ခရစ်ဝင် ၁:၂၉
“သူတို့ကို လှည့်ဖြားသောမာရ်နတ်ကိုလည်း၊ သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသောဝေဒနာကို ခံရကြလတ္တံ့။”
ဗျာဒိတ်ကျမ်း ၂၀:၁၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်