ခမည်းတော်ခေတ်မှာ တစ်ပါးတည်းသော အဖေဘုရားသခင်ဟာ ယေဟောဝါဆိုတဲ့နာမနဲ့ ခမည်းတော်ရဲ့အခန်းကဏ္ဍကို လုပ်ဆောင်ခဲ့ပါတယ်။ သားတော်ခေတ်မှာ ယေရှုဆိုတဲ့နာမနဲ့ ကြွလာပြီး လူသားတွေအတွက် သားတော်အဖြစ် ပုံသက်သေကိုပြခဲ့ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်မှာ ခရစ်တော် အန်ဆန်ဟုန်းဆိုတဲ့နာမနဲ့ ဒုတိယအကြိမ်ကြွလာခဲ့ပါတယ်။
ဒါဟာ သုံးပါးတစ်ဆူဖြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။
သုံးပါးတစ်ဆူကို နားလည်တဲ့သူတွေဟာ ယေဟောဝါဘုရားသခင်လုပ်ဆောင်တဲ့အရာက ယေရှုခရစ် လုပ်ဆောင်တဲ့အရာဖြစ်ပြီး နာမသစ် ခရစ်တော်အန်ဆန်ဟုန်း လုပ်ဆောင်ခဲ့တဲ့အရာဆိုတာကို ယုံကြည်ပြီး နားလည်သဘောပေါက်နိုင်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ခရစ်တော် အန်ဆန်ဟုန်းဟာ ဝိညာဉ်တော်ရဲ့သတို့သမီးဖြစ်တဲ့ အမေဘုရားသခင်နဲ့အတူ ကြွလာပြီး လူသားတွေကို ပဋိညာဉ်တရားသစ် ပသခါပွဲအားဖြင့် ကယ်တင်ခြင်းဆီ ပို့ဆောင်ရမယ်လို့လည်း နားလည်နိုင်ပါတယ်။
ငါတစ်ပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတစ်ပါး ကယ်တင်သောသခင်မရှိ။
ဟေရှာယအနာဂတ္တိကျမ်း ၄၃:၁၁
ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
တမန်တော်ဝတ္ထု ၄:၁၁-၁၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်