ရှောလမုန်နဲ့ ယောဘလိုပဲ၊ ဒီမြေကြီးပေါ်မှာ မွေးဖွားလာတဲ့ လူတိုင်းဟာ တစ်ချိန်က ကောင်းကင်နိုင်ငံမှာ နေထိုင်ခဲ့တဲ့ ကောင်းကင်တမန်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒီမြေကြီးကို တစ်ချိန်က ကောင်းကင်မှာ ဘုရားသခင်နဲ့အတူ ဘုန်းတော်အလယ်မှာ နေထိုင်ခဲ့တဲ့ ကောင်းကင်တမန်တွေက သေခြင်းကိုဦးတည်စေတဲ့ ကြီးလေးတဲ့အပြစ်ကို ကျူးလွန်ပြီးနောက် နှင်ထုတ်ခံခဲ့ရတဲ့ နေရာဖြစ်တာကြောင့်၊ ဒီမြေကြီးပေါ်က ဘဝဟာ ပင်ပန်းမှုနဲ့ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ကျွန်ုပ်တို့ကို သွန်သင်ထားပါတယ်။
ဒီနေ့ခေတ်၊ ပျောက်ဆုံးသွားတဲ့ ပဋိညာဉ်တရားသစ် ပသခါပွဲကို ပြန်လည်တည်ထောင်ပေးတော်မူခဲ့သူဟာ ကျွန်ုပ်တို့ရဲ့ ဘုရားသခင်ကလွဲပြီး တခြားမရှိပါဘူး။ ပဋိညာဉ်တရားသစ် ပသခါပွဲဆိုတာ လူသားအားလုံးကို သေခြင်းဆီ ဦးတည်စေတဲ့ သူတို့ကောင်းကင်မှာ ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက် အပြစ်ခွင့်လွှတ်ခြင်းရရှိပြီး ကောင်းကင်နိုင်ငံကို ပြန်သွားနိုင်ဖို့အတွက်၊ ယေရှုခရစ်က လက်ဝါးကပ်တိုင်ပေါ်က ပေးဆပ်မှုအားဖြင့် တည်ထောင်တော်မူခဲ့တဲ့ ပဋိညာဉ်ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။ ဧဖက်သြဝါဒစာ ၁:၇–၈
အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။ ရောမသြဝါဒစာ ၆:၂၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်