လောကမှာ အသံများစွာရှိပေမယ့် အိပ်ပျော်နေတဲ့ ဝိညာဉ်တွေကို နိုးထစေနိုင်တဲ့ တစ်ခုတည်းသောအသံဟာ ဒီမှောင်မိုက်တဲ့လောကကို ကြွလာခဲ့တဲ့ အဖေဘုရားသခင် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်တို့ရဲ့ အသံတော်ပဲဖြစ်ပါတယ်။
ဥပုသ်နေ့နဲ့ ပသခါပွဲ စတဲ့ပဋိညာဉ်တရားသစ်ရဲ့ ပွဲတော်တွေကတစ်ဆင့် ခွင့်ပြုပေးတဲ့ ကယ်တင်ခြင်းသတင်းကောင်းကို အသိပေးဖို့ ကျွန်တော်တို့ဟာ လောကဆီ ကြွေးကြော်တဲ့အခါ အိပ်ပျော်နေတဲ့ ဝိညာဉ်တွေဟာ နိုးထလာပြီး ကယ်တင်ခြင်းကို ရရှိမှာဖြစ်ပါတယ်။
ယောနရဲ့ ထက်သန်တဲ့အော်ဟစ်မှုအားဖြင့် နိနေဝေမြို့က လူပေါင်း (၁၂၀,၀၀၀) အားလုံးဟာ နိုးထလာခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခဲ့တဲ့ ပေတရုရဲ့ကြွေးကြော်သံကြောင့် တစ်နေ့တည်းမှာ လူပေါင်း (၃,၀၀၀) နောင်တရခဲ့သလိုမျိုး၊ "ငါ့ကိုယ်စား လောကကို နိုးထစေလော့"ဆိုတဲ့ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်တဲ့အခါ အိပ်ပျော်နေတဲ့ဝိညာဉ်တွေဟာ နိုးထလာပြီး အမှားနဲ့အမှန်၊ ကောင်းကင်နဲ့ ငရဲကို ပိုင်းခြားကြမှာဖြစ်ပါတယ်။
ခုနစ်ရက်လွန်မှ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ အချင်းလူသား၊ သင့်ကို ဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့်၊ ငါသတိပေးသော စကားကိုနားထောင်၍ သူတို့အား ဆင့်ဆိုလော့။ ယေဇကျေလအနာဂတ္တိကျမ်း ၃:၁၆-၁၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်