ဘုရားသခင်ဟာ ပွဲတော်စောင့်တဲ့အသင်းတော်ကို ဇိအုန်လို့ ခေါ်ခဲ့ပါတယ်။
သမ္မာကျမ်းစာမှာ ရေးထားတဲ့ ဘုရားသခင်ရဲ့ပွဲတော်ဖြစ်တဲ့ ဥပုသ်နေ့၊ ပသခါပွဲ၊ အဇုမပွဲ၊ အဦးသီးသောအသီးပွဲ၊ ပင်တေကုတ္တေပွဲ၊ တံပိုးမှုတ်ပွဲ၊ အပြစ်ဖြေရာနေ့၊ သကေနေပွဲကို စောင့်တဲ့အသင်းတော်ဟာ ဘုရားသခင်၏အသင်းတော်ပဲ ဖြစ်ပါတယ်။
ယေရှုခရစ်ဟာ မောရှေရဲ့ပညတ်အရ၊ တိရစ္ဆာန်ရဲ့အသွေးနဲ့မဟုတ်ဘဲ၊ သူ့ရဲ့အဖိုးတန်တဲ့အသွေးနဲ့ ပဋိညာဉ်တရားသစ်ကို တည်ထောင်ခဲ့ပါတယ်။
ပဋိညာဉ်တရားသစ် ပွဲတော်ကို စောင့်တဲ့နေရာဟာ လူသားတွေရဲ့ ကယ်တင်ခြင်းရရှိနိုင်တဲ့ ဇိအုန်ဖြစ်တယ်လို့ သွန်သင်ပေးတော်မူခဲ့ပါတယ်။
ဒါပေမဲ့၊ ပဋိညာဉ်တရားသစ်ဟာ ဘာသာရေးအမှောင်ကာလအတွင်း ပျောက်ကွယ်သွားပြီး ဇိအုန်ကို ဖျက်ဆီးခဲ့ပါတယ်။
ဒီနေ့ခေတ်၊ ခရစ်တော်အန်ဆန်ဟုန်းဟာ ဖျက်ဆီးခံခဲ့ရတဲ့ ဇိအုန်ကို ပြန်လည်တည်ထောင်တဲ့အရှင် ဖြစ်ပါတယ်။
“ထာဝရဘုရားသည် ဇိအုန်မြို့ကိုတည်ထောင်၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။”
ဆာလံ ၁၀၂:၁၆
“ငါတို့ပွဲခံရာမြို့၊ ဇိအုန်မြို့ကို ကြည့်ရှုလော့။ တိုင်တစ်ခုမျှမရွှေ့၊ ကြိုးတစ်ခုမျှမပြတ်၊ အလျှင်းမပျက်ရသော တဲတည်းဟူသော၊ ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည်။ ... ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့်မည် ... ထာဝရဘုရားသည် ငါတို့၏ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။”
ဟေရှာယအနာဂတ္တိကျမ်း ၃၃:၂၀-၂၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်