ခမည်းတော်ခေတ်၊ သားတော်ခေတ် ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်ခေတ် ဘယ်ခေတ်မှာပဲဖြစ်ဖြစ် အသက်ရေကိုပေးတဲ့သူက ဘုရားသခင်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့၊ တချို့သူတွေက သန့်ရှင်းသူတွေဟာ အသက်ရေကိုပေးနိုင်တယ်လို့ ပြောကြပါတယ်။ ဘုရားသခင်ရဲ့အသက်ရေကို သယ်ဆောင်ပေးတဲ့ သန့်ရှင်းသူတွေက “အသက်ရေကို ငါကပေးတယ်”လို့ ပြောကြတာဟာ စာပေးပို့သူရဲ့ စာကို ပို့ပေးတဲ့ စာပို့သမားက “ဒီစာက ငါပေးတာဖြစ်တယ်”လို့ပြောတာနဲ့တူပြီး အဓိပ္ပာယ်မဲ့ပါတယ်။
တခြားသူရဲ့စာကို ပို့ဆောင်ပေးရတာကို ကိုယ်ရဲ့စာကို ပေးသလိုမျိုး ပြုမူတာလည်း အဓိပ္ပာယ်မဲ့တဲ့အရာဖြစ်ပါတယ်။ ဘုရားသခင်ပိုင်ဆိုင်တဲ့အရာကို သယ်ဆောင်ပေးရတာကို ကိုယ်ပိုင်ဆိုင်တဲ့အရာကို ပေးတယ်လို့ ပြောတာဟာ ကျိန်ခြင်းခံရမယ့် အပြုအမူဖြစ်ပါတယ်။
ဘုရားသခင်ရဲ့လူမျိုးတွေအနေနဲ့ ဒီခေတ်မှာ အသက်ရေကိုပေးတဲ့ ဘုရားသခင်က ဘယ်လိုပုံစံနဲ့ကြွလာမှာဖြစ်လို့ သမ္မာကျမ်းစာက ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးအဖြစ် ဖော်ပြထားခဲ့တာလဲ၊ အသက်ရေကို ဘယ်လိုပေးမှာလဲ ဆိုတာကို လေးလေးနက်နက် စဉ်းစားရမှာဖြစ်ပါတယ်။
ဘုရားသခင်၏အသင်းတော်ဟာ အသက်ရေပေးတဲ့ သန့်ရှင်းသောဝိညာဉ်တော် အန်ဆန်ဟုန်း ဘုရားသခင်နဲ့ မင်္ဂလာဆောင်သတို့သမီးဖြစ်တဲ့ အမေဘုရားသခင်ကို ယုံကြည်ပါတယ်။ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးက ခွင့်ပြုပေးတော်မူတဲ့ အသက်ရေနှုတ်ကပတ်တော်အားဖြင့် ထာဝရအသက်ကောင်းချီးကို ရရှိကြဖို့ မျှော်လင့်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်