လူသားတွေရဲ့ကယ်တင်ရှင်ဖြစ်တဲ့ ဘုရားသခင်ဟာ ပသခါပွဲကနေတစ်ဆင့် အပြစ်ခွင့်လွှတ်ခြင်းနဲ့ ထာဝရကောင်းကင်နိုင်ငံဆိုတဲ့ ကောင်းချီးတွေကို ခွင့်ပြုပေးတော်မူပြီး၊ ပသခါပွဲစောင့်တဲ့သူတွေကို ကောင်းကင်နိုင်ငံသားဖြစ်ခွင့်နဲ့ ကယ်တင်ခြင်းကို ရရှိမယ့် ဘုရားသခင်ရဲ့လူမျိုးတွေအဖြစ် အသိအမှတ်ပြုမယ်လို့ အခိုင်အမာ ကြွေးကြော်တော်မူခဲ့ပါတယ်။
ပသခါပွဲကိုမစောင့်ဘဲ၊ နှုတ်ခမ်းနဲ့ပဲ ဘုရားသခင်ကို ခေါ်နေခြင်းဟာ အချည်းနှီးသော ယုံကြည်ခြင်းဖြစ်တယ်လို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ က ကြွလာခဲ့တဲ့ ယေရှုခရစ်ရော၊ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်တို့ပါ အမြဲသွန်သင်ပေးခဲ့ပါတယ်။
ပသခါပွဲကို အချိန်မှန်မကျင်းပနိုင်တဲ့သူတွေအတွက် ဒုတိယပသခါပွဲကို ခွင့်ပြုပေးခဲ့တာဟာလည်း ပသခါပွဲဟာ ဘုရားသခင်ရဲ့လူမျိုးအစစ်တွေကို ခွဲခြားသိမြင်စေတဲ့ အရမ်းအရေးကြီးတဲ့ပွဲတော်ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။
သင်တို့အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်လည်းကောင်း၊ ဝေးသောအရပ်သို့ ခရီးသွားသော်လည်း
ကောင်း၊ ထာဝရဘုရားအဖို့ ပသခါပွဲကိုခံရမည်။
ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သောကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။ ...
ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သောလူအချို့တို့သည်၊ ...
ထိုအခါမောရှေအား ထာဝရဘုရားက၊
... ထာဝရဘုရားအဖို့ ပသခါပွဲကိုခံရမည်။
ဒုတိယလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ပွဲခံ၍၊ ...
ပသခါပွဲကို မခံဘဲနေလျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ ...
တောလည်ရာကျမ်း ၉:၂-၁၃
သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကိုထောက်သော် သူတို့၏ သဘောကို သိရကြလိမ့်မည်။
သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။
ရှင်မဿဲခရစ်ဝင် ၇:၂၀-၂၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်