ကုရုမင်းရှေ့မှာ သွားပြီးတော့ ရန်သူတွေအားလုံးကို ချေမှုန်းတဲ့သူ၊ နေမန်ရဲ့ နူနာရောဂါကို
ကုသပေးတဲ့သူ၊ သေးငယ်တဲ့ ယုဒနိုင်ငံကို အာရှုရိစစ်သားနဲ့ မဟာမိတ်တပ် (၁၈၅,၀၀၀)ရဲ့
တိုက်ခိုက်ခြင်းကနေ ကာကွယ်ပေးတဲ့သူ၊ အာမလက်လူမျိုးတွေကို စစ်တိုက်တဲ့နေရာမှာ
ယောရှုရဲ့စစ်တပ်ကို အောင်ပွဲခံစေတဲ့အရှင်ဟာ မမြင်နိုင်တဲ့ကမ္ဘာမှာ အရာအားလုံးကို အုပ်စိုးတဲ့
ကျွန်တော်တို့ရဲ့ဘုရားသခင်ဖြစ်ပါတယ်။
လူတစ်ဦးဟာ သက်ရှိတွေကိုစိုက်ပျိုးပြီး ရေလောင်းပေးပြီး ကြီးပွားနိုင်အောင်
ပတ်ဝန်းကျင်ကို ဖန်တီးမယ်ဆိုရင်တောင်၊ အရာတွေကို ကြီးပွားစေတဲ့ဘုရားသခင်မရှိရင်
အသုံးမဝင်ဘူးဆိုတာကို တမန်တော်ပေါလုက နားလည်ခဲ့ပါတယ်။
ဒီလိုပါပဲ၊ ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ သူတို့နဲ့အတူရှိနေပြီး
သူတို့ကို ကူညီပေးတဲ့ ဘုရားသခင်ကို အားကိုးကြပါတယ်။
ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသောတောင်ရိုးသို့ ငါမျှော်ကြည့်၏။
ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ၊
ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
ဆာလံကျမ်း ၁၂၁:၁-၂
ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည်
အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင်၊
ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။
ဆာလံကျမ်း ၁၂၇:၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်