ကျွန်တော်တို့မှာ ယုံကြည်ခြင်းမရှိဘူးဆိုရင်၊ ပတ်ဝန်းကျင်အခြေအနေက လမ်းကြောင်းမှားကို
ဆက်လက်သွားနေပေမယ့်၊ ကျွန်တော်တို့မှာ ယုံကြည်ခြင်းရှိတဲ့အခါ အရာအားလုံးက ကောင်းမွန်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ဒီနိယာမကို သမ္မာကျမ်းစာအားဖြင့် နားလည်ပြီး၊ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဘဝထဲမှာ
စိုးရိမ်ပူပန်မှုတွေအားလုံးကို စွန့်ပစ်ကြရမှာ ဖြစ်ပါတယ်။
သမ္မာကျမ်းစာထဲမှာ ဂိဒေါင်ရဲ့သမိုင်း၊ ယောရှုရဲ့သမိုင်း၊ ပင်လယ်နီကို ခွဲဝေခြင်းအမှုနဲ့ မုယောမုန့်ငါးလုံးနဲ့
ငါးနှစ်ကောင်ရဲ့အမှုတွေကို မှတ်တမ်းတင်ထားပါတယ်။
ဒါတွေဟာ ရုပ်ပိုင်းဆိုင်ရာမျက်စိနဲ့ ကြည့်ရင် မဖြစ်နိုင်ပေမယ့်၊ ဘုရားသခင်ဟာ
အရာအားလုံးကို ပြီးမြောက်စေခဲ့ပါတယ်။
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်နဲ့ ယေရှုခရစ်ရဲ့သင်ကြားမှုတွေကို ယုံကြည်ရင်၊
ပဋိညာဉ်တရားသစ် ဧဝံဂေလိက တစ်ကမ္ဘာလုံးမှာ ဟောပြောပြီး သူတို့ရဲ့နှုတ်ကပတ်အတိုင်း
အရာအားလုံးဟာ အောင်မြင်မှာဖြစ်ပါတယ်။
ယုံမှားသောသူသည် စားလျှင်၊ ယုံသောစိတ်မရှိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကိုခံရ၏။
ယုံသောစိတ်မရှိဘဲ ကျင့်သမျှသောအကျင့်တို့သည် အပြစ်ရှိကြ၏။
ရောမသြဝါဒစာ ၁၄:၂၃
ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင်
ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။
ရှင်မာကုခရစ်ဝင် ၉:၂၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်