ကောင်းကင်နိုင်ငံဟာ သေခြင်း၊ နာကျင်ခြင်းနဲ့ ဒုက္ခတွေမရှိဘဲ ထာဝရ ပျော်ရွှင်မှုနဲ့ ဝမ်းမြောက်မှုပဲ ရှိတဲ့နေရာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ အသက်တစ်ရာတောင် အသက်မရှင်နိုင်ပေမယ့် အနှစ်တစ်ထောင်အသက်ရှင်နိုင်သလို ရည်မှန်းချက်မရှိတဲ့ဘဝကို မနေထိုင်ဘဲ တိုတောင်းတဲ့အသက်တာဖြစ်ပေမယ့် ကောင်းကင်နိုင်ငံအတွက် နေထိုင်ဖို့ ဘုရားသခင်က မိန့်တော်မူခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက ယေရှုခရစ်တော်က ပဋိညာဉ်တရားသစ်ပသခါပွဲအားဖြင့် အသက်ကို ခွင့်ပြုပေးခဲ့သလိုမျိုး၊ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်လည်း တောပန်းပင်တွေလိုမျိုး တစ်ခဏအတွင်းမှာ ညှိုးနွမ်းတဲ့ဘဝမဟုတ်ဘဲ ထာဝရအသက်ခွင့်ပြုခံရတဲ့ ဘဝကိုရှင်သန်ဖို့ ပသခါပွဲကိုစောင့်ရမယ်လို့ သွန်သင်ပေးတော်မူခဲ့ပါတယ်။
အကျွန်ုပ်တို့သည် အမျက်တော်ကိုခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။
အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
ဆာလံကျမ်း ၉၀:၉-၁၀
လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲ တည်၏။ . . .
ရှင်ပေတရုသြဝါဒစာပထမစောင် ၁:၂၄-၂၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်