ရွှေသတ္တုရိုင်းဟာ ရွှေစင်ဖြစ်လာဖို့အတွက်၊
မီးထဲမှာ ပြုပြင်မှုများစွာကို ဖြတ်သန်းရပြီး၊ အညစ်အကြေးတွေကို ခါချခံရပါတယ်။
ဒီလိုပဲ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်အတိုင်း နေထိုင်ဖို့အတွက် စစ်ကြောခြင်းလိုအပ်ပြီး၊
အဲဒီစစ်ကြောခြင်းဟာ စုံစမ်းခြင်းအားဖြင့် ဖြစ်မြောက်ပါတယ်။
ယောဘဟာ သူ့ပိုင်ဆိုင်မှုအားလုံးနဲ့ ချစ်ရတဲ့သားသမီးတွေကို တစ်ရက်အတွင်းမှာ ဆုံးရှုံးခဲ့ရပြီး၊
တစ်ကိုယ်လုံးမှာ ကင်ဆာအကျိတ်တွေတောင်ပေါက်ခဲ့ပေမဲ့၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး မမြည်တမ်းခဲ့ပါဘူး။
"သို့သော်လည်း ငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ ငါပေါ်လိမ့်မည်။" ယောဘဝတ္ထု ၂၃:၁၀
ကျွန်ုပ်တို့ဟာ တခြားသူတွေနဲ့ ဆက်ဆံရေးအားဖြင့် စုံစမ်းခြင်းခံရနိုင်သလို၊ ငွေကြေးအခက်အခဲကြောင့်
ဒါမှမဟုတ် မိမိကိုယ်တိုင်နဲ့ ရုန်းကန်တိုက်ခိုက်ခြင်းအားဖြင့်လည်း စုံစမ်းခြင်းခံရနိုင်ပါတယ်။
ဒီလောက်များပြားတဲ့ စုံစမ်းခြင်းကနေတစ်ဆင့်၊ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ထာဝရအသက်ရှင်တဲ့
ပြည့်စုံတဲ့သူဖြစ်အောင် လေ့ကျင့်ပေးနေတယ်ဆိုတာကို သတိရသင့်ပါတယ်။
ဘုရားသခင်ဟာ လူသားတွေရဲ့ရှင်ခြင်းနဲ့သေခြင်း၊ ကံကောင်းခြင်းနဲ့ကံဆိုးခြင်းကို
အစိုးရတော်မူတဲ့ တန်ခိုးကြီးတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ဘုရားသခင်ရဲ့အလိုတော်အတိုင်း ရှင်သန်တဲ့ဖြစ်စဉ်ထဲမှာ ရောက်လာတဲ့စုံစမ်းခြင်းတွေကို မကြောက်ရွံ့ဘဲ၊
နှုတ်ကပတ်တော်ကို အမြဲအားကိုးပြီး၊ စုံစမ်းခြင်းကိုကျော်လွှားကြတဲ့
ဘုရားသခင်၏အသင်းတော် ယုံကြည်သူတွေဖြစ်ကြပါစို့။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်