ဘုန်းတော်တောက်ပတဲ့ ကောင်းကင်နိုင်ငံတော်မှာ ကျွန်ုပ်တို့
ကမ္ဘာအဆက်ဆက် စိုးစံချင်တယ်ဆိုရင်၊ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်
လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းပြီး ခရစ်တော်ရဲ့ နောက်ကို
လိုက်ကြရမှာ ဖြစ်တယ်လို့ ဘုရားသခင်က မိန့်ကြားတော်မူခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ထဲမှာ အတားအဆီးနဲ့ အခက်အခဲတွေ အများကြီး ရှိပေမဲ့၊
ဘုရားသခင်၏အသင်းတော်ရဲ့ မိသားစုဝင်တွေဟာ ကောင်းကင်နိုင်ငံရဲ့
ဘုန်းတော်အတွက် ဘုရားပကတိဆန်တဲ့ဘဝနဲ့ နေထိုင်ပြီး၊
လက်ဝါးကပ်တိုင်ဖြစ်တဲ့ သရဖူရဲ့ အလေးချိန်ကို ထမ်းဖို့အတွက် ကြိုးစားအားထုတ်ကြပါတယ်။
သားတော်ခေတ်မှာ ကယ်တင်ရှင်ဖြစ်တဲ့ ယေရှုခရစ်လုပ်ဆောင်ခဲ့သလို
သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ကယ်တင်ရှင်ဖြစ်တဲ့
အန်ဆန်ဟုန်းဘုရားသခင်နဲ့ အမေဘုရားသခင်ဟာလည်း
လူသားအားလုံးအတွက် လက်ဝါးကပ်တိုင်ကိုထမ်းပြီး
ဒုက္ခလမ်းကို လျှောက်ရင်း၊
ကျွန်ုပ်တို့ဆီ ကောင်းကင်ရဲ့ တော်ဝင်ယဇ်ပုရောဟိတ် ကောင်းချီးကို
လက်ခံရယူကြဖို့ မိန့်တော်မူနေပါတယ်။
“ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊
ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။
ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။” ရှင်လုကာခရစ်ဝင် ၉:၂၃
“သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံကြရလတံ့။” ဗျာဒိတ်ကျမ်း ၂၂:၅
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်