ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့ အသီးကိုစားတဲ့အပြစ်ကြောင့်
သေရမယ့်လူသားတွေဆီ အသက်ပင်ရဲ့အသီးကို ပြန်လည်ခွင့်ပြုပေးပြီး၊
အသက်ပင်အသီးရဲ့ အစစ်အမှန်ဖြစ်တဲ့ ပဋိညာဉ်တရားသစ် ပသခါပွဲအားဖြင့်
ထာဝရအသက်ကို ပေးတဲ့သူဟာ ခရစ်တော်အန်ဆန်ဟုန်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ
အန်ဆန်ဟုန်းဘုရားသခင်ကို ဒုတိယအကြိမ်ကြွလာတဲ့
ခရစ်တော်အဖြစ် လက်ခံယုံကြည်ကြပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက၊ ယုဒလူမျိုးတွေဟာ
ယေရှုခရစ်ကို လက်သမားရဲ့သားအနေနဲ့ပဲ မှတ်ယူပြီး
ညှဉ်းပန်းနှိပ်စက်ခဲ့သလို၊ ဒီခေတ်မှာလည်း ကယ်တင်ခြင်းပေးဖို့ကြွလာတဲ့
ခရစ်တော်အန်ဆန်ဟုန်းကို လက်မခံတဲ့လူများစွာရှိပါတယ်။
ဒါပေမဲ့၊ ကယ်တင်ခြင်းခံရမယ့်လူမျိုးတွေဟာ အသက်ပင်ရဲ့အသီးဖြစ်တဲ့
ပဋိညာဉ်တရားသစ် ပသခါပွဲကို သိမြင်ပြီး သူ့ဆီ ရောက်လာကြပါတယ်။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်...ဟောင်းသော
စပျစ်ရည်ပွဲတည်းဟူသော၊... စီရင်တော်မူလိမ့်မည်။
...သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။
အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော
မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။
ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊
မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊
ထာဝရဘုရားအမိန့်တော်ရှိ၏။ ထိုကာလ၌ ကြည့်ရှုလော့။
ဤအရှင်ကား၊...ငါတို့၏ဘုရားသခင်တည်း။
ဟေရှာယအနာဂတ္တိကျမ်း ၂၅:၆-၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်