ဣသရေလလူမျိုးတွေဟာ ရွှေနွားသူငယ်ရုပ်တုကို ကိုးကွယ်ခဲ့ကြတဲ့အတွက် ပညတ်တော်ဆယ်ပါးကျောက်ပြား ပထမအစုံဟာ ကွဲကြေသွားခဲ့ရပါတယ်။ ဒါပေမဲ့၊ ဘုရားသခင်ဟာ နောင်တရတဲ့လူမျိုးတွေဆီ ပညတ်တော်ဆယ်ပါးကျောက်ပြား၊ ဒုတိယအစုံကို ခုနစ်လပိုင်း၊ ဆယ်ရက်နေ့မှာ ပေးခဲ့ပါတယ်။ အပြစ်ခွင့်လွှတ်ခြင်း ကတိတော်ပါရှိတဲ့ ဒီနေ့ရက်ကို ဘုရားသခင်ဟာ အပြစ်ဖြေရာနေ့လို့ သတ်မှတ်ခဲ့ပြီး၊ ခုနစ်လပိုင်း၊ ပထမနေ့ကို တံပိုးမှုတ်ပွဲအဖြစ်သတ်မှတ်ခဲ့ပါတယ်။
ဆုတောင်းခြင်းအားလုံးဟာ နံ့သာပေါင်းအခိုးအငွေ့အဖြစ် ဘုရားသခင်ဆီ တက်သွားတယ်လို့ တမန်တော်ယောဟန်က ပြောခဲ့ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဟာ အားနည်းပြီး အဓိပ္ပာယ်မဲ့ အရာတွေနောက်ကိုလိုက်ပြီးတော့၊ ကောင်းကင်က ထာဝရကောင်းချီးမင်္ဂလာကို မမြင်နိုင်တဲ့ လူသားတွေအတွက်၊ ကိုယ်တိုင်ဆုတောင်းပေးနေတော်မူတယ်ဆိုတာကို ကျွန်တော်တို့ နားလည်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ကရုဏာတော်အတွက် ကျေးဇူးတင်တဲ့စိတ်နဲ့ ပွဲတော်တွေကို စောင့်ကြရမှာ ဖြစ်ပါတယ်။
ငါတို့သည် မတွေ့မမြင်သောအရာကို မျှော်လင့်လျှင်မူကား၊ ထိုအရာကို သည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။ ထိုမှတစ်ပါး၊ ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။ ရောမသြဝါဒစာ ၈:၂၅-၂၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်