သမ္မာကျမ်းစာကို မှတ်တမ်းတင်ခဲ့ကြတဲ့ ပရောဖက်တွေဟာ မတူညီတဲ့ခေတ်တွေမှာ နေထိုင်ခဲ့ကြပြီး၊ ကွဲပြားခြားနားတဲ့ အလုပ်အကိုင်တွေနဲ့ ကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိခဲ့ကြပေမယ့် ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့ဝိညာဉ်တော်ရဲ့ လှုံ့ဆော်ခြင်းခံရကာ အဆက်မပြတ် ကြိုတင်ဟောပြောခဲ့ကြပြီး “လူသားတွေဟာ ဒီမြေကြီးကို ဘာကြောင့်လာခဲ့ရပြီး အနာဂတ်မှာ ဘယ်ကိုသွားမလဲ”ဆိုတဲ့အကြောင်း ဉာဏ်အလင်းပေးခဲ့ကြပါတယ်။
သမ္မာကျမ်းစာဟာ မှန်ကန်တဲ့အတွက် ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်အကြောင်း ကြိုတင်ဟောစကားကိုလည်း ယုံကြည်ကြရမှာဖြစ်ပါတယ်။
ဟေရှာယအနာဂတ္တိကျမ်းဟာ ယေရှုခရစ်ကြွမလာခင် နှစ်ပေါင်း ၇၀၀ အလိုက ယေရှုခရစ်တော် ခံစားရမယ့် ဆင်းရဲဒုက္ခတွေကို ကြိုတင်ဟောပြောထားပြီး ယောဘဝတ္ထုဟာလည်း သိပ္ပံပညာက ၁၇ ရာစုလောက်မှ ရှာဖွေတွေ့ရှိခဲ့တဲ့ ရေသံသရာအကြောင်းနဲ့ ကမ္ဘာဂြိုလ်ဟာ အာကာသထဲမှာ ပေါလောမျောနေတယ်ဆိုတဲ့ အချက်ကို နှစ်ပေါင်း ၃,၅၀၀ အလိုက ကြိုတင်မှတ်တမ်းတင်ထားခဲ့ပြီး သိပ္ပံပညာရှင်တွေကို အံ့ဩစေခဲ့ပါတယ်။
ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။
တိမောသေသြဝါဒစာဒုတိယစောင် ၃:၁၆–၁၇
မိုးကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက်တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။
ယောဘဝတ္တု ၂၆:၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်