ကိုယ်ခန္ဓာဟာ တစ်ခုတည်းဖြစ်ပေမယ့် အင်္ဂါများစွာနဲ့ ဖွဲ့စည်းထားပါတယ်။ ကိုယ်ခန္ဓာရဲ့ အင်္ဂါတစ်ခုစီတိုင်းရဲ့ အခန်းကဏ္ဍက အရေးကြီးသလို၊ မိသားစုဝင်တိုင်းဟာ ဘုရားသခင် ကျွန်ုပ်တို့ကို ခွင့်ပြုပေးတော်မူတဲ့ နိုင်ငံတော်ဧဝံဂေလိရဲ့ အဓိကဇာတ်ဆောင်တွေအဖြစ် ဂုဏ်ယူစွာနဲ့ သူတို့ရဲ့သက်ဆိုင်ရာနေရာမှာ ဘုရားသခင်ပေးထားတဲ့ အခန်းကဏ္ဍကို သစ္စာရှိရှိ လုပ်ဆောင်သင့်ပါတယ်။
စားပွဲခင်း ခင်းတဲ့ သေးငယ်တဲ့အခန်းကဏ္ဍမှာ အကောင်းဆုံးလုပ်ဆောင်ခဲ့တဲ့အတွက် လက်ခုပ်သြဘာပေးခံရခဲ့တဲ့ သရုပ်ဆောင်လိုမျိုး၊ ကျွန်တော်တို့ဟာ “ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့”ဆိုတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ဧဝံဂေလိရဲ့တန်ဖိုးကို သိမြင်ပြီး၊ ၁၀၀% ယုံကြည်ခြင်းအားဖြင့် အကောင်းဆုံးလုပ်ဆောင်တဲ့အခါ၊ ဘုရားသခင်ရဲ့အမွေဆက်ခံသူတွေအနေနဲ့ ဘုန်းတော်အများကြီး ရရှိနိုင်ပါတယ်။
ဥပမာကား၊ ကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတစ်ခုတည်းသော ကိုယ်အင်္ဂါအပေါင်းတို့သည် များလျက်နှင့် ကိုယ်တစ်ခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။ အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် တစ်ကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစ်စိတ်တစ်ဝိညာဉ်တည်း ထဲသို့လည်း သောက်ကြ၏။ . . . သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးအသီး အင်္ဂါတော်ဖြစ်ကြ၏။
ကောရိန်သုသြဝါဒစာပထမစောင် ၁၂:၁၂-၂၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်