ကျမ်းစာက ပထမအကြိမ်ကြွလာတဲ့ ယေရှုခရစ်နဲ့ ဒုတိယအကြိမ်ကြွလာတဲ့ ယေရှုခရစ် နှစ်ပါးစလုံးကို “မိုးတိမ်ကိုစီး၍ ကြွလာမည်”လို့ ကြိုတင်ဟောပြောခဲ့တဲ့အကြောင်းရင်းဟာ မိုးတိမ်က နေရဲ့အလင်းကို ကာရံသလိုမျိုး လူ့ဇာတိက ဘုရားသခင်ရဲ့ ဘုရားပကတိရဲ့အလင်းကို ဖုံးကာပေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
“ငါ့မှာ ဒီသိုးခြံမရှိတဲ့ တခြားသိုးရှိတယ်”၊ “နောက်ဆုံးသောကာလမှာ ဘုရားသခင်က ငါတို့ကိုသွန်သင်ပေးလိမ့်မယ်”ဆိုတဲ့ ကြိုတင်ဟောစကားတွေအားဖြင့် ယေရှုခရစ် ဟာ လူသားအဖြစ် တစ်ဖန်ကြွလာမယ်ဆိုတာကို ကျွန်တော်တို့ နားလည်နိုင်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက ယုဒလူမျိုးတွေဟာ မေရှိယကို စောင့်မျှော်ရင်း၊ ကောင်းကင်က မိုးတိမ်တွေကိုပဲ ကြည့်ခဲ့ကြပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာလည်း တစ်ယောက်ယောက်က ယုဒလူမျိုးတွေရဲ့မှားယွင်းတဲ့အတွေးလိုမျိုး ကောင်းကင်က မိုးတိမ်တွေကိုပဲ ကြည့်မယ်ဆိုရင်၊ ဒုတိယအကြိမ်ကြွလာတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဆီကနေ ကယ်တင်ခြင်းကို ရရှိမှာမဟုတ်ပါဘူး။
ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့်၊ မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် ၂၁:၂၇-၂၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်