ဘုရားသခင်မှာ လူသားတွေရဲ့ ရှင်ခြင်း၊ သေခြင်း၊ ဆင်းရဲချမ်းသာနဲ့ ကောင်းကင်နဲ့ မြေကြီး အရာခပ်သိမ်းကို စီမံခန့်ခွဲနိုင်တဲ့တန်ခိုးရှိပါတယ်။
ဘုရားသခင်ကို မိမိရဲ့ခွန်အားအဖြစ် မထားရှိဘဲ သြဇာအာဏာ၊ ရုပ်ဝါဒ ပိုင်ဆိုင်မှုနဲ့ အသိပညာတွေပေါ်မှာပဲ အမှီပြုမယ်ဆိုရင်၊ ရှမာရိမင်းက နာမကျန်းဖြစ်တဲ့အချိန်မှာ တစ်ပါးအမျိုးသားတွေရဲ့နတ်ကို အားကိုးခဲ့တဲ့အတွက် သေဆုံးသွားရသလိုမျိုး ကျွန်ုပ်တို့လည်း ပျက်စီးသွားမှာဖြစ်ပါတယ်။
ဒါဝိဒ်၊ ဟဗက္ကုတ်၊ ဇာခရိ စတဲ့ ယုံကြည်ခြင်းဘိုးဘေးတွေဟာ “ဘုရားသခင်သည် ငါ၏ခွန်အားဖြစ်၏”လို့ ပြောပြီး ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် အမြဲတမ်း ဘုရားသခင်ကိုပဲ မှီခိုအားထားပြီး အခက်အခဲတွေကို ကျော်လွှားခဲ့သလိုမျိုး၊ ဒီနေ့ခေတ် ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာလည်း ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ကို မှီခိုအားထားရင်း အမြဲတမ်း အနိုင်ရတဲ့ ဧဝံဂေလိလမ်း၊ ဝမ်းမြောက်ပျော်ရွှင်တဲ့ ယုံကြည်ခြင်းလမ်းကို လျှောက်လှမ်းနေပါတယ်။
“သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။ အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ ဖြစ်တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ဖြစ်စေ၍၊ ငါ၏မြင့်ရာ အရပ်ပေါ်မှာ ငါ့ကိုနေရာချတော်မူမည်။”
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၃:၁၈-၁၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်