ဘုရားသခင်ဟာ လူသားတွေကို ဝိညာဉ်ကယ်တင်ခြင်းနဲ့ အပြစ်ခွင့်လွှတ်ခြင်းအတွက်
ကြီးမားတဲ့ပဟေဠိကို ပေးခဲ့ပြီး၊ ကျမ်းစာကနေတစ်ဆင့် အဖြေကိုပေးတဲ့သူတိုင်းဆီ
ကောင်းကင်နိုင်ငံရဲ့ ကောင်းချီးမင်္ဂလာကို ခွင့်ပြုပေးတော်မူပါတယ်။
ကျမ်းစာရဲ့အမှန်တရားကတစ်ဆင့် ပေတရုဟာ ယေရှုခရစ်တော်ကို အသိအမှတ်ပြုခဲ့သလိုမျိုး
ကျွန်တော်တို့မှာလည်း ခရစ်တော်ကို မှန်မှန်ကန်ကန်အသိအမှတ်ပြုနိုင်တဲ့ ဉာဏ်ပညာရှိသင့်ကြပါတယ်။
“ရှိမုန်ပေတရုက ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်” ရှင်မဿဲခရစ်ဝင် ၁၆:၁၆
ပျောက်ဆုံးခဲ့တဲ့ အသက်ပင်ရဲ့အစစ်အမှန်ဖြစ်တဲ့ ပဋိညာဉ်တရားသစ်ပသခါအားဖြင့်
လူသားတွေကိုကယ်တင်ပြီး ထာဝရအသက်ကိုပေးဖို့အတွက်
ဒီမြေကြီးမှာ ဒုတိယအကြိမ်ပေါ်ထွန်းလာခဲ့တဲ့သူဟာ အန်ဆန်ဟုန်းဘုရားသခင်နဲ့
အသစ်သောယေရုရှလင် အမေဘုရားသခင်ဖြစ်ပါတယ်။
ဘုရားသခင်ဟာ ပေတရုကို ကောင်းကင်နိုင်ငံရဲ့သော့ကို ပေးခဲ့သလိုမျိုး
ကျွန်တော်တို့လည်း အဖေနဲ့အမေက ပြန်လည်တည်ထောင်ပေးခဲ့တဲ့
အသက်ပင်ရဲ့အမှန်တရားကို လူသားအားလုံးဆီ ဝေမျှနိုင်တဲ့ အခွင့်အရေးနဲ့
ကောင်းချီးမင်္ဂလာကို ခွင့်ပြုခြင်းခံခဲ့ကြရပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်