နှိမ့်ချခြင်းဟာ၊ ကောင်းကင်နိုင်ငံကိုဝင်ဖို့ မဖြစ်မနေလိုအပ်တဲ့ အကျင့်စရိုက်ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)က၊ ယေရှုခရစ်ဟာ ယေရုရှလင်မြို့ထဲကို ဝင်တဲ့အခါမှာ၊
မြည်းကလေးကိုစီးခြင်းအားဖြင့် နှိမ့်ချခြင်းရဲ့ပုံသက်သေကို ပြသတော်မူခဲ့ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ခေတ်ရဲ့ ကယ်တင်ရှင်ဖြစ်တော်မူတဲ့
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဟာလည်း၊
လူ့ဇာတိနဲ့ကြွလာပြီး နှိမ့်ချတဲ့သူအနေနဲ့ အစေခံခြင်းရဲ့ပုံသက်သေကို ပြသတော်မူခဲ့ပါတယ်။
"ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။
စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏ဟု လာသတည်း။"
ရှင်ယာကုပ်သြဝါဒစာ ၄:၆
ရှေးခေတ်က၊ ရုရှားကို အုပ်ချုပ်စိုးစံခဲ့တဲ့ ဧကရာဇ် နစ်ကိုလက်စ်ဟာ၊
သာမန်စစ်တပ်ယူနီဖောင်းကို ဝတ်ပြီး စစ်တပ်တန်းလျားကို စစ်ဆေးနေတုန်း တွေ့ခဲ့တဲ့
မာနထောင်လွှားတဲ့စစ်သားကို သူ့ရဲ့ နှိမ့်ချတဲ့ပုံစံအားဖြင့် အသိတရားရစေခဲ့သလိုမျိုး၊
ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ အမြဲတမ်း နှိမ့်ချတဲ့ပုံစံအားဖြင့်
ဘုရားသခင်ရဲ့ဘုန်းတော်ကို ထင်ရှားစေဖို့ ကြိုးစားအားထုတ်ကြပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်