ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ပညတ်တော်ကို လျစ်လျူရှုပြီး “ဒါက တကယ်တော့ အရေးမကြီးပါဘူး”လို့တွေးမယ်ဆိုရင်၊ ယာဉ်စည်းကမ်းကို မလိုက်နာတဲ့အခါ ကြီးမားတဲ့မတော်တဆမှုတွေ ဖြစ်တတ်သလိုမျိုး ကျွန်တော်တို့ဟာ ကျွန်တော်တို့တင်မက ပတ်ဝန်းကျင်ကလူတွေကိုပါ ပျက်စီးခြင်းကိုယူဆောင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာ ဘုရားသခင်ရဲ့ပညတ်တော်တွေကို မြတ်နိုးပြီး လက်တွေ့လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်က “ပဋိညာဉ်တရားသစ်က အရေးကြီးတယ်”လို့ မိန့်တော်မူတဲ့အကြောင်းရင်းကတော့၊ ကျွန်တော်တို့ဟာ ပဋိညာဉ်တရားသစ်အားဖြင့် ကောင်းကင်နိုင်ငံသွားနိုင်တဲ့ မှန်ကန်တဲ့လမ်းကို သိနိုင်ပြီး ကျွန်တော်တို့ရဲ့ဝိညာဉ်တွေက ပြုပြင်ခံရပြီး ဘုရားသခင်ရဲ့သားသမီးအဖြစ် တစ်ဖန်မွေးဖွားလာနိုင်တဲ့အတွက် ဖြစ်ပါတယ်။
ငါသည်လည်း၊ ညီညွတ်သောစိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနုတ်၍၊ အသားနှလုံးကို ပေးသောကြောင့်၊ သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရားလမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူ ဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
ယေဇကျေလ ၁၁:၁၉-၂၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်