အရာအားလုံးအတွက် အချိန်နဲ့ ရည်ရွယ်ချက်ရှိသလို၊ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းအသက်တာမှာလည်း ဝိညာဉ်ကယ်တင်ခြင်းဆိုတဲ့ ထာဝရအသက်ကိုရရှိဖို့ ရှင်းလင်းတဲ့ ရည်ရွယ်ချက်ရှိပါတယ်။
ကျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းအတွက်၊ ဘုရားသခင်ဟာ ရွေးနုတ်ခြင်းအမှုကို နှစ်ပေါင်း (၆,၀၀၀)ကျော်ကြာအောင် လုပ်ဆောင်ခဲ့ပြီး၊ ခမည်းတော်ခေတ်၊ သားတော်ခေတ်နဲ့ သန့်ရှင်းသောဝိညာဉ်တော်ခေတ် ခေတ်သုံးခေတ်ကို ပိုင်းခြားပြီး ခေတ်တစ်ခေတ်စီမှာ မတူညီတဲ့ ကယ်တင်ရှင်ရဲ့နာမကို ပေးတော်မူခဲ့ပါတယ်။
ခမည်းတော်ခေတ်မှာ ကယ်တင်ရှင်နာမည်က ယေဟောဝါဖြစ်ပြီး၊ သားတော်ခေတ်ကို ပြောင်းလဲတဲ့အခါမှာတော့ ယေရှုဖြစ်ပါတယ်။ ဒါပေမဲ့၊ အခု ကျွန်ုပ်တို့ဟာ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ နေထိုင်နေကြပါတယ်။ ဒါကြောင့်၊ ယေဟောဝါရဲ့နာမနဲ့၊ ယေရှုခရစ်ရဲ့နာမနဲ့ ကယ်တင်ခြင်းကို မရနိုင်ပါဘူး။ ယေရှုခရစ်ရဲ့နာမသစ်ကို သိပြီး၊ အဲဒီနာမကို ခေါ်မှပဲ ကယ်တင်ခြင်းခံရနိုင်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ထာဝရအသက်ကောင်းချီးမင်္ဂလာကို အခမဲ့ခွင့်ပြုပေးတဲ့ ယေရှုခရစ်ရဲ့နာမသစ်ဟာ ခရစ်တော်အန်ဆန်ဟုန်း ဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်