ဘုရားသခင်က “သမ္မာကျမ်းစာမှ ဘာကိုမှ အသစ်မသွင်း၊ မနုတ်ပယ်ရ”လို့ မိန့်တော်မူပြီး လူတွေဟာ အသက်ရေကိုပေးတဲ့ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးဆီ သွားတဲ့အခါ ကယ်တင်ခြင်းရောက်နိုင်တယ်လို့ ကျမ်းစာမှာ ရေးထားပါတယ်။ ဒါကြောင့်၊ ဒီနေ့ခေတ်မှာ ဝိညာဉ်တော် ခရစ်တော် အန်ဆန်ဟုန်းနဲ့ သတို့သမီးဖြစ်တဲ့ အမေဘုရားသခင်ကို ယုံကြည်တဲ့ ဘုရားသခင်၏အသင်းတော်ဟာ ဘုရားသခင်နှစ်သက်တော်မူတဲ့အသင်းတော်ဖြစ်ပြီး ကယ်တင်ခြင်းရောက်မယ့်အသင်းတော်ဖြစ်ပါတယ်။
ကတိတော်ရဲ့သားသမီးတွေဟာ ကျေးဇူးတော်အားဖြင့် ရွေးချယ်ထားတဲ့ အကြွင်းအကျန်တွေဖြစ်ပြီး ကယ်တင်ခြင်းရောက်မယ့်သူတွေကို သမ္မာကျမ်းစာမှာ ‘ဣဇာက်ကဲ့သို့ ကတိတော်၏သားသမီးများ’ လို့ တမန်တော်ပေါလုက ရေးသားခဲ့ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ အမေဘုရားသခင်ကို ယုံကြည်သူတွေဟာ ဣဇာက်လိုမျိုး ကတိတော်ရဲ့သားသမီးတွေဖြစ်ကြပြီး ကယ်တင်ခြင်းရောက်ဖို့ ဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့် ရွေးချယ်ထားတဲ့ အကြွင်းအကျန်တွေ ဖြစ်ပါတယ်။
“ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။”
ဂလာတိသြဝါဒစာ ၄:၂၈
“ပရောဖက်ဟေရှာယသည်လည်း၊ ဣသရေလအမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ဣသရေလအမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။”
ရောမသြဝါဒစာ ၉:၂၇
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်