တမန်တော်ဆယ့်နှစ်ယောက်ထဲမှာ ယုဒရှကာရုတ်ဟာ
စာရင်းကိုင်အမှုကို အပ်နှင်းခံရလောက်အောင်
ယုံကြည်ထိုက်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့၊ ယေရှုခရစ်ကို
သူ့ရဲ့အကြံအစည်တွေနဲ့ စီရင်ဆုံးဖြတ်တဲ့အခါမှာ ကယ်တင်ခြင်းကို
ဆုံးရှုံးခဲ့ပါတယ်။ ဒါဟာ မြေကြီးပေါ်မှာ တွေ့ကြုံခဲ့တဲ့
လူတွေရဲ့အတွေ့အကြုံတွေနဲ့ အလေ့အထတွေကို အခြေခံပြီး
ကောင်းကင်အရာတွေကို နားလည်ဖို့ကြိုးစားမယ်ဆိုရင်၊
ဝိညာဉ်ရေးရာအရာကို မခွဲခြားနိုင်ဘဲ
ကယ်တင်ခြင်းမရနိုင်ဘူးဆိုတာကို သွန်သင်ပေးတာဖြစ်ပါတယ်။
ယေရှုခရစ်၊ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့
ပုံသက်သေလိုမျိုး၊ ကျွန်တော်တို့ဟာ ဝိညာဉ်ရေးရာအရာကို
ခွဲခြားသိမြင်ပြီး မိမိလက်ဝါးကပ်တိုင်ကို ထမ်းပြီး
ဘုရားသခင့်နောက်တော်ကို လိုက်လျှောက်တဲ့အခါမှာ၊
ပေတရု၊ ယောဟန်နဲ့ ကနဦးအသင်းတော် သန့်ရှင်းသူတွေလို
ကယ်တင်ခြင်းခံရနိုင်ပါတယ်။
“ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါတို့သည်
လူပညာကိုအမှီပြု၍ နားလည်သောစကားနှင့် မဟော။
သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သောအရာကို
ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသောစကားနှင့်
ငါတို့သည် ဟောကြ၏။ ဇာတိပကတိလူသည်
ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။
ထိုအရာတို့သည် မိုက်မဲသော အရာဖြစ်သည်ဟု ထင်တတ်၏။
ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍
နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။”
ကောရိန်သုသြဝါဒစာပထမစောင် ၂:၁၃-၁၄
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်