ဟေရှာယအနာဂတ္တိကျမ်း (၆၀)ရဲ့ ကြိုတင်ဟောစကားအရ၊
ဒီနေ့ကမ္ဘာဟာ မှောင်မိုက်ထဲမှာ ရှိပါတယ်။
ဒါကြောင့်၊ ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးမှာ အခက်အခဲတွေနဲ့
အကျပ်အတည်းများစွာကို ကြုံတွေ့ရပါတယ်။
ပတ်ဝန်းကျင်က မှောင်မိုက်ပြီး အဆင်မပြေရင်တောင် ဘုရားသခင်၏အသင်းတော် မိသားစုဝင်တွေဟာ
ကောင်းတဲ့အကျင့်တွေအားဖြင့် လောကရဲ့အလင်းဖြစ်ဖို့အတွက်နဲ့
“အမှောင်ကိုထွန်းလင်းစေသော အလင်းဖြစ်လော့”ဆိုတဲ့ အမေဘုရားသခင်ရဲ့နှုတ်ကပတ်ကို နာခံပြီး
ချစ်ခြင်းမဲ့တဲ့ ဒီလောကဆီ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို ပေးဆောင်ဖို့ ကြိုးစားကြပါတယ်။
“သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ ... သူတစ်ပါးတို့သည်
သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော
သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌
သင်တို့အလင်းကို လင်းစေကြလော့။”
[ရှင်မဿဲခရစ်ဝင် ၅:၁၄-၁၆]
လူတိုင်း အိပ်မက်မက်တဲ့ စိတ်ကူးယဉ်ကမ္ဘာဟာ ကောင်းကင်နိုင်ငံ ဖြစ်ပါတယ်။
အလင်းရဲ့သားသမီးတွေဟာ အမှောင်ထဲမှာ အချုပ်နှောင်ခံထားရတဲ့သူတွေဆီ
ကောင်းကင်နဲ့ပတ်သက်တဲ့ သတင်းကောင်းကို ဟောပြောခြင်းအားဖြင့်၊
အမှောင်ကို ထွန်းလင်းစေတဲ့ အခန်းကဏ္ဍကို ကျေပွန်ရမှာဖြစ်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်