လူများစွာဟာ ဘုရားသခင်ကို ယုံကြည်တယ်လို့ ဆိုကြပေမယ့်လည်း
အများစုက ဘုရားသခင်ရဲ့သွန်သင်ချက်တွေကို မလိုက်နာကြမှာကို
ယေရှုခရစ်က ကြိုတင်သိထားခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကောင်းကင်မတက်ခင်၊
“ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့”လို့ စိတ်အားထက်သန်စွာ တောင်းဆိုခဲ့ပါတယ်။
ဒီကမ္ဘာပေါ်ကအသင်းတော်များစွာမှာ၊ ဘုရားသခင်၏အသင်းတော်တစ်ခုတည်းမှာ
ထာဝရအသက်ရဲ့သက်သေဖြစ်တဲ့ ပဋိညာဉ်တရားသစ် ပသခါပွဲရှိပြီး၊
ကနဦးအသင်းတော်လိုမျိုး ယေရှုခရစ်ရဲ့ သင်ကြားချက်တွေပဲကို လိုက်နာဆောင်ရွက်ပါတယ်။
ဒီအသင်းတော်ဟာ ခရစ်တော်အန်ဆန်ဟုန်း တည်ထောင်ပြီး အမေဘုရားသခင် အတူရှိတဲ့အသင်းတော်ဖြစ်ပါတယ်။
ယေရှုသည် … ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏
နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော
ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။
ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ
အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် ၂၈:၁၈-၂၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်