ဘုရားသခင်က မောရှေကို ကောင်းကင် သန့်ရှင်းရာဌာနကို ပြသပေးပြီး
အဲဒီအတိုင်း လောကီ သန့်ရှင်းရာဌာနကို တည်ဆောက်စေခဲ့သလို၊
လောကီမိသားစုစနစ်ကလည်း ကောင်းကင်မိသားစုရဲ့ပုံရိပ်ဖြစ်ပါတယ်။
ယေရှုခရစ်က ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဖလို့ ပြောခြင်းကနေတစ်ဆင့်၊
ဝိညာဏကမ္ဘာမှာလည်း ဘုရားသခင်ကို အဖေလို့ ခေါ်တဲ့ ကောင်းကင်သားသမီးတွေရှိပြီး၊
သူတို့ကို အသက်ပေးတဲ့ အမေဘုရားသခင်ရှိတယ်ဆိုတာကို ကျွန်တော်တို့နားလည်နိုင်ပါတယ်။
လူသားအားလုံးက ကောင်းကင်အဖေ အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့သားသမီးတွေဖြစ်တဲ့အတွက်ကြောင့်၊
ဘုရားသခင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀၀)တုန်းက လူသားတွေကိုယ်စား လက်ဝါးကပ်တိုင်မှာ အသေခံတော်မူခဲ့ပြီး
ဒီနေ့ခေတ်မှာလည်း အပြစ်အဝတ်ကိုဝတ်ဆင်ပြီး တစ်ဖန်ကြွလာပြီးတော့ ပဋိညာဉ်တရားသစ်ရဲ့ကယ်တင်ခြင်းလမ်းကို သင်ပေးတော်မူခဲ့ပါတယ်။
ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏
ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။
ဟေဗြဲသြဝါဒစာ ၈:၅
အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊
ခပ်သိမ်းသောငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။
ဂလာတိသြဝါဒစာ ၄း၂၆
ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ
ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဖ။
ရှင်မဿဲခရစ်ဝင် ၆:၉
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်