ပထမဆုံး၊ မိခင်နို့ဟာ မိခင်နဲ့ ကလေးကြားမှာ ရင်းနှီးတဲ့နှောင်ကြိုးကို ဖြစ်ပေါ်စေတဲ့အပြင် အရေးကြီးတဲ့ အာဟာရရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။
မိခင်ကနေ ပထမဆုံးထုတ်ပေးတဲ့ မိခင်နို့၊ 'နို့ရည်ကြည်'ဟာ မွေးကင်းစကလေးငယ်ကို ကာကွယ်ပေးတဲ့ သဘာဝကာကွယ်ဆေးနဲ့ တူပါတယ်။
မိခင်နို့ရည်ကြည်ဟာ ကလေးငယ်ကို ရောဂါအမျိုးမျိုးကနေ ၁၀၀% ကာကွယ်ပေးထားပါတယ်။
မိခင်နို့ရဲ့ အရေးကြီးပုံကတစ်ဆင့်၊ ကျွန်ုပ်တို့ဟာ အရမ်းအရေးကြီးတဲ့ ဝိညာဏဆိုင်ရာနိယာမကို နားလည်နိုင်ပါတယ်။
အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင်တော်ရှေ့၌ မိမိတို့သရဖူများကို ချထားကြ၏။
ဗျာဒိတ်ကျမ်း ၄:၁၁
မြေကြီးပေါ်မှာ မိမိတို့ရဲ့ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးတဲ့ မိခင်တွေရှိသလိုမျိုး၊
ကောင်းကင်မှာ ဝိညာဏမိခင်နို့တိုက်ကျွေးတဲ့ ဝိညာဏအမေရှိကြောင်း သမ္မာကျမ်းစာက သက်သေခံထားပါတယ်။
အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။
ဂလာတိသြဝါဒစာ ၄:၂၆
ဒါ့အပြင် ဒီနောက်ဆုံးနေ့ရက်တွေမှာ ယေရုရှလင်ကောင်းကင်အမေဟာ လူသားအားလုံးက ကယ်တင်ခြင်းအတွက် လိုအပ်တဲ့ ဝိညာဉ်ဏမိခင်နို့ ဒါမှမဟုတ် ဝိညာဏ'သွေးဖြူဥ'ကိုလည်း ခွင့်ပြုပေးတယ်လို့ ကျမ်းစာက ဖော်ပြထားပါတယ်။
ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ...
သို့ပြုလျှင်၊ သူ၏ချမ်းသာခြင်းသားမြတ်ကိုစို့၍ ဝကြလိမ့်မည်။ ...
ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ချမ်းသာကိုလည်းကောင်း၊ ... သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။
ဟေရှာယ ၆၆:၁၀-၁၂
ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာမိခင်ဆီကတစ်ဆင့် အသက်ကိုရရှိသလိုမျိုး၊ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ဝိညာဏမိခင်ဆီကတစ်ဆင့် ကယ်တင်ခြင်းကို ရရှိနိုင်ပါတယ်။
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်